သတင်းများ

ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်
Dec 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန်နှင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မက်မန်းမြို့၌ မွေးကင်းစနှင့် အသက်(၂)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ မွေးကင်းကလေးငယ်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးဝန်ကြီး ဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)အချိန်တွင် မက်မန်းမြို့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ပြုလုပ်ဆောင်ရွက်
Dec 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၊ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့၌  FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ မရှိ နှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
Dec 14,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့်မြို့ပေါ် ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များအနက် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မိုင်းဆတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၁၁) နာရီ က အ.လ.က(နားကော)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းခေးတွင် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆို
Dec 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲကို မြို့အဝင်စုပေါင်း ဂိတ်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေစကားဝိုင်းကျင်းပ
Dec 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။