သတင်းများ

မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲများ ပြုလုပ်
Dec 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(ခွဲ) ဟိုယကျောင်းတို့ ပူးပေါင်း၍  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့က အဆိုပါကျောင်း၌ ပြုလုပ်သည်။
မိုင်းပန်မြို့နယ်၌ TPT ဆင့်ပွားသင်တန်းဖွင့်လှစ်
Dec 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တီဘီရောဂါကျဆင်းရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီ အချိန်က TPT မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခံကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 15,2022
မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ်စိုက်ပျိုးသည့် စားတော်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 15,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံစားတော်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဒေါက်တာခင်မောင်ညို၏ လူငယ်များအတွက် အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌  မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ဆင်းသုခတစ်ဧက အစိုတင်း ၉၀ကျော်ထွက်ရှိ
Dec 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉နာရီက ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ကွင်းအမှတ် ( ၂၀၄၀)၊ ကြက်ဆူကျင်းကွင်း၊ တောင်သူ ဦးအုန်းမောင်၏  ဆင်း သုခမိုးစပါးစိုက်ခင်းတွင် ကျင်းပသည်။
မင်းလှမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲအခမ်းအနား ပြုလုပ်
Dec 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အများပြည်သူများ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်​ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်းသည့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။