သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့အချိန်က ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Dec 16,2022
လူသားချင်းစာနာထောက်ထားပြီး ဂရုဏာထားရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ အ.ထ.က(၂)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ကျောင်းသားကျောင်းသူများအား အခမဲ့ခေါင်းလျှော်ပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်းများ ပြုလုပ်လျက်ရှိ
Dec 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အမှတ် -၂၁ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့် အနာဂတ်လှုပ်ရှားမှုအဖြစ် Young & Future အဖွဲ့မှ ဦးဆောင်၍ ဆံသဆရာ/ ဆရာမများဖြင့် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ခေါင်းလျှော်ပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညိမြို့နယ်တွင် မီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Dec 16,2022
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ ရွှေသောင်ပိုင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်သွန်စိုက်ပျိုးတောင်သူများ စတင်ပြောင်းရွှေ့စိုက်ပျိုး
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ရွာများဖြစ်ကြသည့် လက်ပံ့အိုက်၊ လဲဂွ၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ မုန်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါသီတင်းကျွတ်အချိန်က စတင်ပျိုးထောင်ထားသည့် ကြက်သွန်ပျိုးပင်များကို မိမိတို့စိုက်ရန်သက်မှတ်ထားသောမြေကွက်များသို့ ရွှေ့ပြောင်းစိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (ဆီထွက်သီးနှံ)နေကြာစိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်ပြည်တွင်း စားသုံးဆီဖူလုံရန် ရည်ရွယ်၍ ဝက်ကိုက်ကျေးရွာအုပ်စု တောင်သူ ဦးအောင်သောင်းကွင်းအမှတ် (၄၈၁E)၊ ဦးပိုင်အမှတ်(၅/၁၄)၊ ဧရိယာ(၁၀)ဧကတွင် (ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ
Dec 16,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက(၂)ရပ်ကွက်ရှိ မယ်လမု(၃)ထပ်ဓမ္မာရုံတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်၏ ထုတ်ကုန်ပစ္စည်းများပြပွဲကျင်းပ
Dec 16,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်၏ ထုတ်ကုန်ပစ္စည်းများပြပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည်။