သတင်းများ

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်သူများနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသော ဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာရေးဆရာဒေါက်တာ မြင့်သန်း(ညောင်လေးပင်)ရေးသားသည့် "မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ" စာအုပ်အားစာဖတ်ဝိုင်းကျင်းပပြု လုပ်ခဲ့သည်။
(၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Dec 15,2022
၂၀၂၂ ခုနှစ် (၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၇) နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသော အေးခဲသားများ စျေးကွက်စောင့်ကြည့်စစ်ဆေး
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့အတွင်း စားသောက်ကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များတွင် ရောင်းချလျက်ရှိ‌သော အေးခဲသားများတွင် ကုန်အညွှန်းအမှတ်အသားမြန်မာဘာသာဖြင့်ရေးသားရာတွင် ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်း အသုံးစရိတ်လျာထားချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 15,2022
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ပေးပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လဝက်အစည်းအဝေးပြုလုပ်
Dec 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍   လဝက်အစည်းအဝေးကို ယနေ့  မွန်းလွဲ(၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။   
မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ၂၀၂၂ခုနစ် ၊ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၄၈)နစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။