မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲများ ပြုလုပ်

မိုင်းရယ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(ခွဲ) ဟိုယကျောင်းတို့ ပူးပေါင်း၍  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့က အဆိုပါကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲများတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူများက စာစီစာကုံး ၆ ဦး၊ ပန်းချီ ၁၆ ဦး၊ ကဗျာ ၄ ဦးနှင့် ပိုစတာ ၃ ဦး စုစုပေါင်း ၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက လွတ်လပ်ရေးနှင့်ပတ်သက်သည့် သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

မြို့နယ်(ပြန်/ဆက်)