မင်းလှမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်း‌အောင်က အဖွင့်အမှာစကားပြောကြားပြီး မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာလှိုင်က  ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများဖြစ်သည့် သက်ငယ်မုဒိမ်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လေလွင့်ကလေးငယ်များ လျော့နည်းပပျောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနများနှင့်    ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက်    ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း၊   လူမှုဝန်ထမ်းဦးစီးဌာနအ‌နေဖြင့် လုပ်ငန်းကြီး(၇)ရပ်ချမှတ်ပြီး အကောက်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများတွင် မင်းလှမြို့၌ မူလတန်းကြိုကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မိခင်နှင့်က‌လေး‌စောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအား  ဆွေးနွေးခဲ့ပြီး၊ တက်‌ရောက်လာသည့် ဌာနဆိုင်ရာ‌ကော်မတီအဖွဲ့ဝင်များက၊ ကလေး သူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)