မိုင်းဖြတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အများပြည်သူများ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်းသည့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလှူရှင် ဦးဝင်းသိန်းက မိမိငယ်စဉ်ဘဝမှစ၍ စာအုပ်စာပေများကို ချစ်မြတ်နိုးခဲ့ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိဉာဏ်၊ အတွေးအခေါ် အယူအဆကောင်းများ ရရှိနိုင်ကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်းပြီး အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင်ဦးဝင်းသိန်းက ပြည်သူ့စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင် (၁၃၃)အုပ်ကို မြို့နယ်ဦးစီးမှူး ဦးရှောလမွန်၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌဦးမျိုးတင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်တင်မာလွင်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)