တပ်ကုန်းမြို့၌  မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ဆင်းသုခတစ်ဧက အစိုတင်း ၉၀ကျော်ထွက်ရှိ

တပ်ကုန်း ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉နာရီက ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ကွင်းအမှတ် ( ၂၀၄၀)၊ ကြက်ဆူကျင်းကွင်း၊ တောင်သူ ဦးအုန်းမောင်၏  ဆင်း သုခမိုးစပါးစိုက်ခင်းတွင် ကျင်းပသည်။

ထိုမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်နှင့်ညွှန်ကြားရေးမှူးဦးတင်အောင်၊ တိုင်းဦးစီးမှူး ဦးတင်ထူး၊ ဥတ္တရခရိုင် ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးအောင်အေးချမ်းလွင်၊ ပျဉ်းမနားခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးထွန်းထွန်းလှိုင်၊  မြို့နယ်ဦးစီးမှူး ဦးကျော်သူရှိန်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ညိုညိုစန်းနှင့်ဝန်ထမ်းများ၊ ကွင်းအမှတ် (၂၀၄၀)ကွင်းမှ စပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပြီး၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒေသဝမ်းစာစပါးဖူလုံရေး၊ အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် မိုးစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျမှတ်တမ်းတင်နိုင်ရန်ရည်ရွယ်၍ ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းရာ စပါးတစ်ဧကလျှင် စပါးအစိုထွက်နှုန်း (၉၇ ဒသမ ၆၂)တင်း၊ အခြောက်ထွက်နှုန်း(၈၉)တင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်