သတင်းများ

ကျောင်းသား/ကျောင်းသူများ အသိပညာတိုးတက်စေရေးနှင့် အတွေးအခေါ်များ ရင့်သန်စေရေး လူငယ်စကားဝိုင်းပြုလုပ်ပေး
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ​​ကျောင်းသားအရွယ်မှ စတင်ကာအသိပညာ ဗဟုသုတများ ရရှိစေပြီး အတွေးအခေါ်များ ရင့်သန်စေရေးအတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ​ဖြူးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရည်ရှည်ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀  နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့် မြို့နယ်အတွင်းရှိ စံညီရပ်ကွက်စာကြည့်တိုက်နှစ်တိုက်ဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “မေတ္တာ အလင်းရောင်”စာကြည့်တိုက်နှင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ “အလင်းရောင်”စာကြည့်တိုက်တို့မှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ကြသည်။
ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ဖွင့်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်းများအား အုပ်စုခွဲ၍ ပြိုင်ပွဲဝင်စည်းကမ်းများ ချပြရှင်းလင်းခြင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 15,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက်(၁၀)နာရီအချိန်က ဇင်းကျိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်၌ စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ​ပျော်ပွဲရွှင်ပွဲနှင့်အားကစား ပြိုင်ပွဲများ ကျင်းပ
Dec 15,2022
စိန်ရတု လွတ်လပ်​ရေး​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့အမှတ်(၂) အ​ခြေခံပညာ အလယ်တန်း​ကျောင်း(ခွဲ)၌ ​ကျောင်းသား ​ကျောင်းသူများအတွက် ​ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကျင်းပ​ပေး​ကြောင်း သိရသည်။
သပိတ်ကျင်းမြို့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲ ကျင်းပ
Dec 15,2022
မန္တတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲကို ယနေ့နံနက်( ၁ဝး၀၀) နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း"  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်
Dec 15,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
သထုံမြို့၊ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။