မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်စိုက်ပျိုးသည့် ဆီထွက်သီးနှံများအောင်မြင်ဖြစ်ထွန်း
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသတွင်းစားသုံးဆီဖူလုံစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဆီထွက်သီးနှံနေကြာ၊ မြေပဲစိုက်ပျိုးထားမှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။