မိုင်းပန် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တီဘီရောဂါကျဆင်းရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီ အချိန်က TPT မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခံကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး အကြီးတန်းသူနာပြု ဒေါ်မြင့်မြင့်လှိုင်က တီဘီရောဂါအကြောင်းသိကောင်း စရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ တီဘီရောဂါအကြောင်းသိကောင်းစရာ ဆောင်သင့်ရှောင်သင့်သော အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)