သတင်းများ

မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ဝိုင်းပြုလုပ်
Dec 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ အထက(၁)ကျောင်း၌ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 15,2022
ရှမ်းပြည်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)ခွဲ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြို့တွင်းလမ်းများနှင့် မြို့နယ်ချင်းဆက်လမ်းများရှိ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
Dec 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ မြို့တွင်းလမ်းများနှင့် မြို့နယ်ချင်းဆက်လမ်းများရှိ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ လူငယ်စကားဝိုင်းကျင်းပ
Dec 15,2022
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊
မက်မန်းမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဆောင်းနေကြာနှင့် ပဲပုတ်စိုက်ပျိုးထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Dec 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာနှင့် ပဲပုတ်စတင်စိုက်ပျိုးထားရှိမှုအခြေအနေကို တာဝန်ရှိသူများက ယမန်နေ့နံနက်(၉)နာရီက အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာရှိ နမ့်နန်းချောင်း စံပြစိုက်ကွက်သို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Dec 15,2022
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွား လာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြိုအဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
ငဖဲမြို့နယ် စာတတ်ကူကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ကလေးစာဖတ်ဝိုင်းနှင့်ပြိုင်ပွဲများ ကွင်းဆင်းဆောင်ရွက်
Dec 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန်နှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက စာတတ်ကူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
သိန္နီမြို့နယ်တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ
Dec 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးသူငယ်များနှင့်ပတ်သက်သည့်အခွင့်အရေးနှင့်ဥပဒေများကို သိရှိစေရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။