သတင်းများ

ဥတ္တရသီရိမြို့နယ်၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း စာသင်ဆောင်တွင်ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)၌ လူငယ်စကားဝိုင်းကျင်းပ
Dec 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်)၌ လူငယ်များ၊ လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီတွင် မှော်ဘီမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)ပညာသန္ဓေခန်းမ၌ ကျင်းပသည်။
သာစည်မြို့ မိုးလုံလေလုံအားကစားခန်းမ၌ (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဌာနဆိုင်ရာပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Dec 30,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဌာနဆိုင်ရာပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားပြိုင်ကွင်းအတွင်းရှိ  မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နမ့်စန်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Dec 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို  ယမန်နေ့ နေ့လည် ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့ အခြေခံပညာမူလတန်း(ဥယျာဉ်)ကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 30,2022
တောင်သာမြို့ အခြေခံပညာမူလတန်း (ဥယျာဉ်) ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် (၉) နာရီက အားကစားပြိုင်ပွဲများ ပြုလုပ်လျက်ရှိသည်။
ပထမပြန်စာမေးပွဲ‌အောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၏ ဘဝနတ်ထံစံလွန်တော်မူသော ဆရာတော်ကြီး(၃)ပါးနှင့် ပထမပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာ၌ ရှမ်းရိုးရာကျွဲခတ်ပွဲ စည်ကားစွာကျင်းပ
Dec 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာကျွဲခတ်ပွဲကို မိုင်းလွေကျေးရွာနှင့် ယန်းခိုင်ကျေရွာကြား၌ ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်၍ စည်ကားစွာ ကျင်းပလျက်ရှိသည်။
ညောင်ဦးမြို့တွင် အိန္ဒိယငရုပ်မျိုးစိုက်တောင်သူများ  ငရုတ်သီးတစ်ပိဿာ ၃၀၀၀ကျပ်ရောင်းချရ
Dec 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြေအောက်ရေအသုံးပြု အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာထွက်ရှိလာသည့် ငရုပ်သီးစိမ်းတစ်ပိဿာ (၃၀၀၀)ကျပ်ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုး စိုက်တောင်သူများအဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံကသိရသည်။