သတင်းများ

အင်္ဂပူမြို့တွင် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘော လုံးပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်
Dec 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယွန်းတန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းလမ်းတွင် ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယွန်းတန်းလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပခဲ့သည်။
ပူတာအို၌ ခရိုင်/မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 30,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးမှုခင်းများ လျော့နည်း ပပျောက်ရေးအတွက် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၃၀)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
ပန်းတနော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ပြုလုပ်
Dec 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံခရိုင် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏပြိုင်ပွဲများ ပြုလုပ်
Dec 30,2022
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်နှင့်  နေ့ထူးနေ့မြတ်များတွင် တစ်နေ့အပါအဝင်ဖြစ်သည့် (၇၅)နှစ်မြောက် လွတ်လပ်ရေး‌နေ့အကြောင်းကို ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ စျေးကွက်အတွင်း အရည်အသွေးနိမ့် မြေဩဇာများ ထည့်သွင်းပြီး တုပရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 30,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် စျေးကွက်အတွင်း အရည်အသွေးနိမ့် မြေဩဇာများထည့်သွင်းပြီး တုပရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ဝင်များမှ ဓာတ်မြေသြဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စမ်းချောင်းမြို့နယ်တွင် ဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြုဒေသဖွံဖြိုးရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
Dec 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ လုံခြုံရေးကိစ္စများနှင့်စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ကျင်းပခဲ့ကြောင်းသိရသည်။