မိုင်းယန်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာကျွဲခတ်ပွဲကို မိုင်းလွေကျေးရွာနှင့် ယန်းခိုင်ကျေရွာကြား၌ ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်၍ စည်ကားစွာ ကျင်းပလျက်ရှိသည်။
ရှမ်းရိုးရာကျွဲခတ်ပွဲသို့ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက် ယှဉ်ပြိုင်ကြပြီး မိမိတို့ယှဉ်ပြိုင်လိုသော ကျွဲများကို ကွင်းအတွင်းသို့ ခေါ်ဆောင်လာပြီး တစ်ကောင်နှင့် တစ်ကောင် ခေါင်းချင်းဆိုင်ကာ ဦးချိုဖြင့် ခတ်ဝှေ့တိုက်ခိုက်စေပြီး ကွင်းအတွင်းမှ ထွက်ပြေးသော ကျွဲအား အရှုံးအဖြစ်သတ်မှတ်၍ အနိုင်ရရှိသော ကျွဲများကို သက်ဆိုင်ရာ တာဝန်ရှှိ အကြီးအကဲများမှ ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းရိုးရာကျွဲခတ်ပွဲ စည်းကာသိုက်မြိုက်စွာ ကျင်းပနေမှုအား စစ်ဗျူဟာအဖွဲ့ (အခြေချ)မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း၊ မိုင်းယန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး