သာစည် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဌာနဆိုင်ရာပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားပြိုင်ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဌာနဆိုင်ရာပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင်အသင်းများသည် ဌာနဆိုင်ရာဝန်ထမ်း များဖြစ်ရာချစ်ခင်းရင်းနှီးစွာဖြင့် အားကစားစိတ် ဓာတ်ထားပြီး သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ တစ်သင်းနှင့် တစ်သင်းတစ်ဦးနှင့် တစ်ဦးခိုက်ရန် ဖြစ်ပွားခြင်းမရှိပဲ သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာ ယှဉ်ပြိုင်ကြရန်တို့ကို မှာကြားသည်။ ထို့နောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အသင်းနှင့် စက်မှုလယ်ယာအသင်းတို့ စတင်ယှဉ်ပြိုင် ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဌာနဆိုင်ရာ ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး အုပ်စုပတ်လည်အမှတ်ပေး၊ ရှုံးထွက်အကြို ဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးကြပ်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အပြီးယှဉ်ပြိုင် ကစားကြရမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများကို မြို့နယ်မှ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်
မြို့နယ်ပြန်/ဆက်