ကော့မှူး ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၏ ဘဝနတ်ထံစံလွန်တော်မူသော ဆရာတော်ကြီး(၃)ပါးနှင့် ပထမပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္ကထံမှ ငါးပါးသီလခံယူယူတော်မူကြပြီး ဓမ္မာစရိယတန်းနှစ်ကျမ်းအောင်သံဃာ(၁)ပါး၊ ပထမလတ်တန်းအောင်သံဃာ(၂)ပါး၊ ပထမငယ်တန်းအောင်သံဃာ(၃)ပါး၊ အခြေပြမူလတန်းအောင်သံဃာ(၂၀)ပါးတို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကျော်သူရ (ကော့မှူး)