သတင်းများ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အိမ်တွင်းမှုပညာသင်တန်းဖွင့်လှစ်
Dec 31,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် (၁)နာရီက လူငယ်လူရွယ်အမျိုးသမီးငယ်များ မိမိနေအိမ်တွင်နေထိုင်ပြီး မိသာစုအပို ဝင်ငွေရရှိစေရန် ရည်ရွယ်၍ လက်မှုပညာဖြစ်သော ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် သက္ကယ်ကုန်းကျေးရွာ စက်ရေတွင်းဖွင့်လှစ်
Dec 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်း မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပန်းတိမ်စုကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွန်ချောင်းရေတင် ဟင်းသီးဟင်ရွက်စိုက်ခင်းဖြင့် ‌ဒေသခံစိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိ
Dec 31,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ပွန်ချောင်းဘေးတစ်လျှောက် နှုန်းတင်မြေနုများပေါ်တွင် ဒေသခံစိုက်ပျိုးတောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ခင်း များဖြင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိသည်။
ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   ရပ်ကျေးစာရေးများ၏  ဒီဇင်ဘာလ ဒုတိယ​ပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်၊ ရပ်ကျေးစာရေးများ၏  ဒီဇင်ဘာလ ဒုတိယပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အအဖွဲ့ဝင် (၂)ဦးသန်းဦး၊ အဖွဲ့ဝင် (၃)ဦးမောင်မောင်လွင်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ရပ်ကျေးစာရေးများ  တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 31,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ငါးဆူတောင်ကျေး ရွာ ကွန်ကရစ်လမ်းဖွင့်
Dec 31,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ၊ ကွန်ကရစ်လမ်းဖွင့်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်နှင့်ဝန်ထမ်းများ၊ ဒေသခံကျေးရွာပြည်သူများတက်ရောက်ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲများကျင်းပ
Dec 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက ကနီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။