သတင်းများ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြသ
Dec 30,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ညနေပိုင်းအချိန်တွင် နမ့်ဆန်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင်  နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ ဆောင်းနေကြာ မျိုးစေ့ထုတ်စံပြကွက်တွင် တောင်သူပညာပေးကွင်း သရုပ်ပြပွဲ ကျင်းပ
Dec 30,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အမှတ်(၄)ရက်ကွက်ကွင်းအမှတ် ၉၁၃/ ၁၅၄၈ ဦးပိုင်အမှတ်(၆၂) တောင်သူ ဦးကြီးညို၏ စိုက်ဧက (၅)ဧကရှိ ၂၀၂၂-၂၀၂၃.ခုနှစ် ဆောင်းနေကြာ (အိန္ဒိယစပ်မျိုး) မျိုးစေ့ထုတ်စံပြကွက်၌ ယနေ့နံနက် ၉ နာရီအချိန်က တောင်သူများ စိုက်ပျိုးနည်းစနစ် မှန်ကန်ပြီး သီးနှံအထွက်နှုန်းမြင့်မားရေးအတွက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကုတ်တက္ကသိုလ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တောင်ကုတ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်တက္ကသိုလ်ရှိ  ဘက်စုံသုံးအားကစားခန်းမ၌ကျင်းပသည်။
ပြည်မြို့နယ် ယင်းမာကုန်းကျေးရွာ၌ မြေနီကျောက်စရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 30,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မြွေရိုးကျေးရွာအုပ်စု ယင်းမာကုန်းကျေးရွာ၌ မြေနီကျောက်စရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်  (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ 
Dec 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်  (၁/၂၀၂၂) သင်တန်း ဆင်းပွဲကို ယနေ့နံနက် ၉နာရီအချိန်က ရပ်ကွက်ကြီး(၅)၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။ 
ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများ၌ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား ဆက်လက်၍ ဝိုင်းဝန်းဖျက်ဆီးပြီး ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြော
Dec 30,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကပစ(၁၄)မှ စစ်ကြောင်းမှူးဗိုလ်မှူးအောင်သူ ဦးစီးသောအဖွဲ့နှင့် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်း ဦးစီးသော ပူးပေါင်း စစ်ကြောင်းအဖွဲ့(၂)သည် ယမန်နေ့ နံနက်ပိုင်းတွင် မင်းလွင်ကျေးရွာအုပ်စု ဘို့ကျေးရွာသို့
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားပဒေသာကပွဲနှင့် ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကျင်းပ
Dec 30,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားပဒေသာကပွဲနှင့် ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉:၃၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။    
ပြည်မြို့နယ် အ.ထ.က ဝက်ထီးကန်၌ quick win project ဖြင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Dec 30,2022
လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ quick win project ဖြင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ပြည်မြို့နယ် အ.ထ.က ဝက်ထီးကန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။