နမ့်စန်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို  ယမန်နေ့ နေ့လည် ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့်ပြိုင်ပွဲစည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ လွတ်လပ်ရေးနေ့ခေါင်းစဉ်ဖြင့် အမှတ်(၂) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးက ကဗျာရွတ် ဆိုပြိုင်ပွဲဝင်ခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသော ခွန်လျဏ်းပြည့်အောင်ကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က လည်းကောင်း၊ ဒုတိယဆုရရှိသော မစန္ဒာအောင် နှင့်တတိယဆုရရှိသော မမေသူ တို့ကို   မြို့နယ် Book Club အဖွဲ့ဝင် ဦးသန်းစိန်နှင့် ဦးမြင့်အောင်တို့ကလည်းကောင်း ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင်သူအားလုံးကို အမှတ်(၂)ကျေးရွာအမက ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)