သတင်းများ

တံတားဦးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်
Dec 30,2022
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေးကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက တံတားဦးမြို့ အခြေခံပညာဦးစီးဌာ ရတနာထွန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်ပြန်ဆက်ရုံးတွင် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့်ဂိမ်းကစားနည်းများကျင်းပ
Dec 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာ၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီဖြစ်
Dec 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူအများအပြား ယခုနှစ်တွင် ဆောင်းသီးနှံနေကြာ စိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြရာ အစောပိုင်းစိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများ စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း သိရသည်။
ပြည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း နတ်စင်ကုန်း၌ အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Dec 30,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ နတ်စင်ကုန်းအ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနား ဂွမြို့နယ်တွင် ကျင်းပ
Dec 30,2022
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဂွမြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။