ညောင်ဦးမြို့တွင် အိန္ဒိယငရုပ်မျိုးစိုက်တောင်သူများ  ငရုတ်သီးတစ်ပိဿာ ၃၀၀၀ကျပ်ရောင်းချရ

ညောင်ဦး  ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြေအောက်ရေအသုံးပြု အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာထွက်ရှိလာသည့် ငရုပ်သီးစိမ်းတစ်ပိဿာ (၃၀၀၀)ကျပ်ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုး စိုက်တောင်သူများအဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံကသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ၊အထက်ဉာဉ့်အုပ်စု ၊သူကောင်းတည်ကျေးရွာအုပ်စုများသည်မြစ်ရေတင်ဖြင့်လည်းကောင်း၊မြေ အောက်ရေတူးဖော်၍လည်းကောင်း သီးနှံအမျိုးမျိုးစိုက် ပျိုးကြရာ သီးနှံပေါ်ချိန် ဈေးနှုန်းကောင်းနိုင်သည့်သီးနှံများရွေးချယ်စိုက်ပျိုးကြရာ ယခုနှစ်တွင် အိန္ဒိယငရုပ်မျိုး ဖြစ်သည့် မျှားနီတံဆိပ်ငရုပ်မျိုးနှင့်အိန္ဒိယပက်လက်ငရုပ်မျိုးများ တောင်သူအများစု စိုက်ပျိုးကြ ကြောင်းသိရသည်။ တော်သလင်းလ၊သီတင်းကျွတ်လတွင် ငရုပ်မျိုးများအားပျိုးထောင်ကြကာ ပျိုးထောင်ပြီးပျိုးထောင်ပြီး ရက်ပေါင်း ၄၅ရက်ရှိလျှင် ယာခင်း၊ကိုင်းခင်းထဲသို့ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ငရုပ်မျိုးစေ့ပျိုးထောင်ရာတွင် အိတ်တစ်အိတ်မျိုးစေ့(ပျိုး)တစ်စေ့နှုန်းဖြင့် ပျိုး ထောင်ကြကာ  အိန္ဒိယမျှားနီငရုပ်မျိုးတစ်ထုပ်လျှင် မျိုးစေ့တစ်ထောင်စေ့ပါကြောင်း ငါးထောင်ကျပ်ပေးရကာ အိန္ဒိယပက်လက်ငရုပ်မျိုး တစ်ထုပ်လျှင် တစ်ထောင်ကျပ်ပေးရကာ မျိုးစေ့လေးရာခန့်ပါကြောင်း သိရပြီး ယာထဲ၊ကိုင်းကျွန်းထဲရွေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်းချရကြောင်းသိရသည်။ ခုစိုက်ပျိုးထားတဲမျိုးကို မိုးထောင်မျိုးလို့လည်းခေါ်သေး ကြောင်း (အရပ်အခေါ်)သိရသည်။ မြစ်ရေတင်ငရုပ်စိုက်တောင်သူများနှင့်မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးသည့် ငရုပ်မျိုးသည် အပြွတ်လိုက်သီးကာ မိုးပေါ်ထောင်သီးနေကြောင်း သီးတာကတော့ အတော်ကြီးသီးကြောင်း ငရုပ်သီးအမှည့်ဈေးကတော့ ဘယ်ဈေးဆိုတာမသိရသေးကြောင်းငရုပ်နောက်ပိုင်းသီးအား မျိုးသီးအဖြစ်အမှည့်ထားကြသော်လည်း ဒုတိယမျိုးဆက်အသီးသေးငယ်ကာ ပထမမျိုးဆက်စိုက်သလောက် အသီးမသီးသောကြောင့် ငရုပ်သီးမှည့်မျိုးမယူကြဘဲ အမှည့်သာဆွတ်ခူးပြီး ရောင်းချကြကြောင်း၊လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာမှ ငရုပ်စိုက်တောင်သူ ဦးဝင်းတင် ကရှင်းပြသည်။

အဆိုပါ ငရုပ်စိုက်တောင်သူများသည် ငရုပ်သီးများလှိုင်လှိုင်သီးချိန် ပြာသိုလမှ တပေါင်းလ၊ တန်ခူးလထိ ငါးရက်တစ်ကြိမ်ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ် ကျယ်သလို ငရုပ်အထွက်များ ကြောင်းသိရကာ ငရုပ်သီးခူး သမတစ်ဦးလျှင် တစ်နေကုန် သုံးထောင်ကျပ်ပေးငှား ရကြောင်းနှင့် ထွက်ရှိလာသည့် ငရုပ်သီးများအား ပခုက္ကူဈေးကွက်၊မြင်းခြံဈေးကွက်နှင့်ညောင်ဦး ဈေးသို့သွား ရောက်ရောင်းချခြင်းနှင့် ငရုပ်သီးပွဲစားများရွာထိလာရောက်ဝယ်ယူကြကြောင်း ငရုပ်သီးတစ်ပိဿာနှစ်ထောင်ဈေးအောက်မကျရောက်နိုင်ကြောင်း အတက်ဈေးသာရှိနိုင်ကြောင်းနှင့် ငရုပ် စိုက်တောင်သူများ လိုချင်သည့်ဈေးနှုန်းရရှိခြင်းကြောင့် ငရုပ်စိုက်ပျိုးတောင်သူများအဆင်ပြေနေကြ ကြောင်း ဦးသောင်းစိန် ထံကသိရသည်။

ကိုကြေးမုံ