ငါန်းဇွန်မြို့နယ်၌ ဆောင်းနေကြာ မျိုးစေ့ထုတ်စံပြကွက်တွင် တောင်သူပညာပေးကွင်း သရုပ်ပြပွဲ ကျင်းပ
Dec 30,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အမှတ်(၄)ရက်ကွက်ကွင်းအမှတ် ၉၁၃/ ၁၅၄၈ ဦးပိုင်အမှတ်(၆၂) တောင်သူ ဦးကြီးညို၏ စိုက်ဧက (၅)ဧကရှိ ၂၀၂၂-၂၀၂၃.ခုနှစ် ဆောင်းနေကြာ (အိန္ဒိယစပ်မျိုး) မျိုးစေ့ထုတ်စံပြကွက်၌ ယနေ့နံနက် ၉ နာရီအချိန်က တောင်သူများ စိုက်ပျိုးနည်းစနစ် မှန်ကန်ပြီး သီးနှံအထွက်နှုန်းမြင့်မားရေးအတွက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။