သတင်းများ

ကြို့ပင်ကောက်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
Jan 04,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန် နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှ၌ (၇၅)နှစ်မြာက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားပြုလုပ်
Jan 04,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ အမှတ်(၂) ရပ်ကွက်၊ အ.ထ.က (မြို့တွင်း) ကျောင်းအားကစားကွင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလုပ် ခဲ့သည်။
ကချင်ပြည်နယ် အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းနှစ်သစ်မိတ်ဆုံစားပွဲနှင့် အိမ်ခြံမြေဥပဒေသစ် ရှင်းလင်းပွဲကျင်းပ
Jan 04,2023
ကချင်ပြည်နယ် အိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိတ်ဆုံစားပွဲနှင့် အိမ်ခြံမြေ ဥပဒေသစ်နှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဥယျာဉ်ရှိ “လုံဂါပါ” စားသောက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင်ကျေးရွာ (၆)ရွာအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်
Jan 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးခန်း၌ ကျေးရွာ (၆)အား ၂၀၂၂- ၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီတွင်ကျင်းပသည်။
စက်တော်ရာဘိုးဘွားရိပ်သာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ စုပေါင်း၍ အလှူငွေကျပ် (၅၀၈၁၀၀၀) အားလှူဒါန်း
Jan 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများဘက်စုံအသုံးပြုနိုင်ရန်အတွက် ပုသိမ်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ စုပေါင်းလှူဒါန်းငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။
ထားဝယ်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ အမျိုးအစားအလိုက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 03,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပြိုင်ပွဲအမျိုးအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့၌  ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော (၇)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
တောင်တွင်းကြီးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွန်ဆွဲအားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှစတင်ကာ မြို့နယ်ရန်ပယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။