စက်တော်ရာဘိုးဘွားရိပ်သာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ စုပေါင်း၍ အလှူငွေကျပ် (၅၀၈၁၀၀၀) အားလှူဒါန်း

ပုသိမ် ဇန်နဝါရ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ ဘက်စုံအသုံးပြုနိုင်ရန်အတွက် ပုသိမ်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ စုပေါင်းလှူဒါန်းငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ဦးက စုစုပေါင်းအလှူငွေကျပ် (၅၀၈၁၀၀၀) အား တက်ရောက်ပေးအပ်လှူဒါန်းခဲ့ရာ ဘိုးဘွားရိပ်သာဥက္ကဌ၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တို့က လက်ခံရယူခဲ့ကြပြီး အလှူငွေလှူဒါန်းမှုအတွက် လမင်းတစ်ရာဘက်စုံပရဟိတဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ဦနှင့် အဖွဲ့ဝင် (၂) ဦးစိုးပိုင်တို့က လက်ခံရယူခဲ့သည်။

အဆိုပါပေးအပ်လှူဒါန်းပွဲသို့ ပုသိမ်မြို့စက်တော်ရာဘိုးဘွားရိပ်သာ ဩဝါဒစရိယနာယက အကျိုးတော်ဆောင် လမင်းတစ်ရာဘက်စုံပရဟိတဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင် (၂) နှင့် ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 ပုသိမ်မြို့ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ အဘိုး (၁၅) ဦး၊အဘွား (၂၈) ဦး စုစုပေါင်း (၄၃) ဦးရှိပြီး အရုဏ်၊ နေ့ထမင်း၊ အာဟာရ၊ ညနေထမင်းများအပြင် အဆောက်အဦး၊ ဆေးပဒေသာပင်၊ ဆန်၊ ဆီ အစရှိသည်တို့လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)