သတင်းများ

သာယာဝတီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ(၂၁)ရပ်ကွက်သို့ ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် ပြည်သူ(၂၀၂၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Bosster ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်းကြောင်း သိရသည်။
သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းစိုက်ပျိုးမည့်တောင်သူများအား
မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေကျပ် ၆၂၄ ဒသမ ၂၆ သန်းကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာတွင် ထုတ်ချေးပေးပြီးဖြစ်
Jun 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ခုဘဏ္ဍာနှစ်  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် ၆၂၄ ဒသမ ၂၆  သန်းကို  မြို့နယ်အတွင်းရှိ ကျေးရွာ (၁၅ )ရွာတွင်  ပြန်လည်ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံမှုရှိစေရန်  အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဇွန် ၆ ရက် နံနက်ပိုင်းက ဆေးထိုးစုရပ်များဖြစ်သည့် အထက(ခွဲ)ညောင်အိုင်၊ အထက( ၂)၊ အလက( ခွဲ) (၁)နှင့် တောက္ကရှပ်ကျေးရွာ အ.ထ.ကကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အေးမြသာယာအဆင့်မြင့်ဈေးတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jun 06,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ အေးမြသာယာအဆင့်မြင့်ဈေးရုံး အပေါ်ထပ်တွင် ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ တောင်းဆိုသော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကလေးငယ်(၇၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Jun 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့ "ဆောင်ပုဒ်အတိုင်း အသက် (၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်၌ ကျောင်းသား /ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်း (အနောက်ရပ်) ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။