သတင်းများ

ကလိန်အောင်မြို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပ   ​
Jan 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားကွင်း၌ ယနေ့နံနက် ၁၀ နာရီက၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း‌ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်စာအုပ်ပြပွဲကျင်းပ
Jan 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များပေါ်ထွက်လာစေရန်ရည်ရယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ​ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊‌ ဟောပြောပွဲနှင့်စာအုပ်ပြပွဲကျင်းပခဲ့သည်။
ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2023
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈နာရီအချိန်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (မော်လမြိုင်) အားကစားရုံများ၌ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးထားရာ ညောင်ရွေကျေးရွာ၊ ကွင်းအမှတ်(၁၆၉)၊ ဦးပိုင်အမှတ်(၁၇၅)တွင် တောင်သူဦးဝင်းညွှန့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
တောင်တွင်းကြီးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ထုပ်ဆီးတိုး အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထုပ်ဆီးတိုး အားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှ စတင်ကာ မြို့နယ်ရန်ပယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းကင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jan 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းတည့် ၁၂နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်းသိရသည်။
မင်းလှမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ် လွန်ဆွဲပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ မီတာ(၁၀၀)ကျား/မ အပြေးပြိုင်ပွဲ၊ ပူစီ‌‌ပေါင်းဖောက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲများကို ယနေ့နံနက်၈နာရီက မြို့နယ်အားကစားကွင်းနှင့် ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။