(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့၌  ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ငူ        ဇန်နဝါရီလ   ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော (၇)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဒေါ်ခင်သန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဇော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြို့မိမြို့ဖ ဦးရဲမြင့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်အောင်ဖြိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါလမ်းကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ်သန်း ၈၂.၂၅ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ လမ်းအရှည် (၁၂၈၈)ပေ၊ အကျယ် (၁၈)ပေ၊ အမြင့် (၈)လက်မရှိ ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ကြောင်းနှင့် အဆိုပါလမ်းအား ၂၉-၆-၂၀၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကာ ၁၂-၇-၂၀၂၂ ရက်နေ့တွင် ဆောင်ရွက်ပြီးစီး ခဲ့ခြင်းဖြစ်ကြောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)