သတင်းများ

ဂန့်ဂေါမြို့က လွတ်လပ်ရေးကျောက်တိုင်သည် လွန်ခဲ့သည့်  (၇၅)နှစ်က ယူနီယံဂျက်အလံချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့သည့်နေရာဖြစ်
Jan 03,2023
ဂန့်ဂေါမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှာ မြောက်ကုန်းရပ်ကွက် ခရိုင်အားကစားကွင်း အနီးတွင် တည်ရှိ၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ယူနီယံဂျက်အလံကိုချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့သည့်နေရာတွင် စိုက်ထူထား သည့် သမိုင်းဝင်နေရာဖြစ်ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကျင်းပ
Jan 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ခရမ်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 03,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဆုချီးမြှင့်ပွဲ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့တွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက ခရမ်းမြို့ အမှတ် (၁၂) ရပ်ကွက် ခရမ်းချောင်းဘေးရပ်ကွက် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေအား(ဆွမ်းအုပ်)ပန်းခြံ ဖွင့်ပွဲကျင်းပ
Jan 03,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းကြေးရပ်ကွက်ရှိ ရေအား(ဆွမ်းအုပ်)ပန်းခြံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အဆိုပါ ပန်းခြံ‌ရှေ့တွင် ကျင်းပခဲ့သည်။
မချမ်းဘော့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ခု နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂ရက်၊ ညနေ  ၃နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၉)နာရီ အချိန်က အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။