သတင်းများ

ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအတွက် ဗလာစာအုပ်နှင့် ခဲတံများ လှူဒါန်း
Jun 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသားကျောင်း သူများအတွက် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတ မိသားစုမှ ယမန်နေ့နေ့ခင်း၂နာရီခွဲအချိန်က ဗလာစာအုပ်နှင့်ခဲတံများ သွားရောက်လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစု အသင်းအကျိုးတော်ဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။
နတ်မောက်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Jun 07,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍  သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 07,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ တောကန်ကြီးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ မြေကွပ်လပ်တွင်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ  သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီ(ခွဲ)က သစ်ပင်စိုက်ပွဲ ကျင်းပခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စတင်တိုးချဲ့ ဖွင့်လှစ်မည့် ဒဂုံမြို့သစ်(ခရိုင်)ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်တွင် အသစ်တိုးချဲ့ ဖွင့်လှစ်မည့် ဒဂုံမြို့သစ်(ခရိုင်) ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက်(၀၈:၃၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မင်္ဂလာဘုရားခန်းအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများအား  လာရောက်ကြည့်ရှု၍ တွေ့ဆုံပွဲကျင်းပ
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊  တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးစန်းအောင်နှင့်အဖွဲ့က ယမန်နေ့နံနက် (၉) နာရီမှ စတင်ပြီး  ပြင်ဦးလွင်မြို့ရှိ  အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ KG ကျောင်းသား/ကျောင်းသူလေးများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုအားပေးပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၁)၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် စာသင်ဆောင်များကောင်းမွန်စေရေးအတွက်  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တွံတေးမြို့နယ်၌ ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်ဖွံဖြိုးရေး ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 07,2022
သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံ စီမံအုပ်ချုပ်ခြင်း အစီအစဉ် ဖွံဖြိုးရေးဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၃ နာရီက တွံတေးတူးမြောင်း မိုင်တိုင်အမှတ် ( ၁၃) အနီး၌ တွံတေးတူးမြောင်းကမ်းပြိုမှုမှ ကာကွယ်ရေး၊ ဒီရေတောအပင်များ မပြုန်းတီးစေရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန်ရည်ရွယ်၍ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဆွေးနွေးပွဲသို့တက်ရောက်
Jun 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဇဝဲ - ဘန်းလမွတ်ဒေသတွင် တည်ဆောက်မည့် 10 MW Solar Power Plant စီမံကိန်း၊ မြိတ်ခရိုင်၊ သမုတ် - လွတ်လွတ်ဒေသ၌ ဆောင်ရွက်မည့် 26 MW Biomass Power Plant စီမံကိန်းနှင့် ပလောက်ချောင်းတွင် တည်ဆောက်