သတင်းများ

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 04,2023
 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျောက်ဖြူမြို့၊ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သာမဏေကျော်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Jan 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ်တွင် ရန်အောင်မြင် သာသနာလင်္ကာရအသင်းမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာနဝမအကြိမ်မြောက် သာမဏေကျော် စာမေးပွဲကို  ရန်အောင်မြင်ရွေလက်လှစေတီတော် ပရဝဏ်အတွင်း၌  ဖြေဆို လျှက်ရှိရာ ဒုတိယနေ့ဖြေဆိုနေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည် ။
စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ခြင်း အခမ်းအနားကျင်းပ
Jan 04,2023
စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင် အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်(၄)နာရီ၊ မိနစ်(၂၀)က စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံအတွင်း ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိ
Jan 04,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံ ငွေကျပ် ၂၈၇ ဒဿမ ၇၄၇ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ်၊ နမ့်နီ/နမ့်လုံ ကျေးရွာအုပ်စုရှိ နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်း တာချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရွှေကူမြို့၌ ရေကြီးနှစ်မြှပ်၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ထောက်ပံ့ငွေပေးအပ်
Jan 04,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ၂၀၂၂ မိုးတွင်းကာလ၌ မိုးသည်းထန် စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေကြီးနှစ်မြှပ် ၍ ပျက်စီးသွားသော စိုက်ခင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်  ၁ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) တက်ရောက်
Jan 04,2023
မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရှိစေရန်အတွက် ဒေသတွင်း အလား အလာကောင်းများရှိသည့် စီးပွားရေး လုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ် စဉ် (၁/၂၀၂၃) ကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ
Jan 04,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ တက်ရောက်ဆုချီးမြှင့်
Jan 04,2023
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဒီဇင်ဘာအားကစား ပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်အမျိုးသား ဘောလုံးပြိုင်ပွဲ များကို  ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။