သတင်းများ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်တောင်ကြီးမြို့၌ အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ
Jan 04,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ် ပေါင်းစုံမှ သွေးလှူဒါန်းခြင်းကို ဇန်နဝါရီ(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ၊ တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကော့ကရိတ်မြို့တွင် ကျင်းပ
Jan 04,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသူကျောင်းသားများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍လှိုင်ဝကျေးရွာ အားကစားကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်း တွင်ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းလုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ
Jan 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ မိနစ်(၂၀)က ကွမ်း လုံမြို့ လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်း ဆောင်ရွက်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုတ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား လွင့်တင်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အရာရှိများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ သံတွဲမြို့၌ကျင်းပ
Jan 04,2023
 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို  ဇန်နဝါရီ ၃ ရက်နေ့နံနက် ၈ နာရီမှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့က ဦးဆောင်၍ သံတွဲမြို့၌ကျင်းပလျက်ရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများ ကျင်းပ
Jan 04,2023
၂၀၁၃ ခုနှစ်၊ ဇန်နဝါရလ ၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က သက်ဆိုင်ရာမြို့နယ်များအလိုက် လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ လွှင့်ထူခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 04,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ လွှင့်ထူခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက်ရောက်ခဲ့ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Jan 04,2023
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့နယ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။