သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာအခြေခံ (Four Skills)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
Jun 06,2022
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ် ရက်ရှည်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံကို သိရှိနားလည်တတ်မြောက်ထားရန်၊ အင်္ဂလိပ်စာ သင်ယူလိုက်ခြင်းဖြင့် ကိုယ်ပိုင်အတွေးအခေါ်များ ထက်သန်လာစေရန်နှင့် ကိုယ်တိုင်ရေးသား လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအင်္ဂလိပ်စာအခြေခံ (Four Skills) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ(ကော့သောင်း)ထိုင်း(ရနောင်း)နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်
Jun 06,2022
ကမ္ဘာတစ်ဝှမ်း ကိုဗစ်၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပွားခဲ့သည့်အချိန်မှစတင်ကာ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများမှ နှစ်နိုင်ငံကူးသန်းသွားလာလျက်ရှိသည့် နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ရာမှ ယနေ့ဇွန်လ ၆ရက်နေ့မှ စတင်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံပြည်သူများ အပြန်အလှန်ကူးသန်းသွားလာနိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် သိပ္ပမဥ္ဇူ‌စာသင်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၅)ရပ်ကွက်၊ သိပ္ပမဉ္ဇူစာသင်တိုက်တွင် စာရေးဆရာ‌ စိတ်မိုး သိပ္ပမဉ္ဇူဆရာတော် ဘဒ္ဒန္တတိက္ခဉာဏ ရေးသား‌သော စာမြတ်မွှေးကြူ ပန်းမဉ္ဇူသို့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထန်းတပင်၌ ဓာတ်အားပျောက်ဆုံးမှုများ မရှိစေရေး ဓာတ်အားလိုင်း သန့်ရှင်းရေးဆောင်ရွက်နေ
Jun 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊  ထန်းတပင်မြို့နယ်တွင် ဓာတ်အားပျောက်ဆုံး လျော့နည်းမှုများ မရှိစေရေး၊ ပြည်သူများအား ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးရေးနိုင်ရေးနှင့် ဓာတ်အား မပြတ်တောက်မှုများမရှိစေရေးတို့အတွက် ယမန်နေ့က ဓာတ်အားလိုင်းများနှင့် မလွတ်သည့်နေရာများတွင် လိုင်းသန့်ရှင်းရေးတို့ကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့၌ မွေးစမှ (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Jun 06,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၀န်ကြီးချုပ် ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Jun 06,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။
ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အိမ်မဲမြို့နယ် ကျောက်ဝိုင်းမဟာစည်ရိပ်သာဝန်းအတွင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 06,2022
ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျောက်ဝိုင်းမဟာစည်ရိပ်သာဝန်းအတွင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။