တောင်တွင်းကြီးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွန်ဆွဲအားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှစတင်ကာ မြို့နယ်ရန်ပယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလွန်ဆွဲအားကစားပြိုင်ပွဲသို့ ရွှေကြာအင်း (၁)ရပ်ကွက်၊ တောင်ပြင်(၁)ရပ်ကွက်၊ တောင်ပြင် (၂)ရပ်ကွက်၊ အုန်းတော(၁)ရပ်ကွက်၊ အုန်းတော(၂) ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေအိုး(၂)ရပ်ကွက်၊ မောင်းတိုင်(၂)ရပ်ကွက် စသည့် ရပ်ကွက် (၈)ရပ်ကွက်မှမှ ပြည်သူများက အသင်း(၈)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများကို ဖိုင်နယ်ပွဲစဉ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)