ကချင်ပြည်နယ် အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းနှစ်သစ်မိတ်ဆုံစားပွဲနှင့် အိမ်ခြံမြေဥပဒေသစ် ရှင်းလင်းပွဲကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ  ၄

ကချင်ပြည်နယ် အိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိတ်ဆုံစားပွဲနှင့် အိမ်ခြံမြေ ဥပဒေသစ်နှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဥယျာဉ်ရှိ “လုံဂါပါ” စားသောက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းနာယက ဦးပေါ်ဦးက သက်ရှိလူသားများ ဘဝတွင် နေထိုင်မှုစနစ် ရှိခြင်းကြောင့် အိမ်၊ခြံ၊မြေ ပိုင်ဆိုင်မှု၊ရောင်းဝယ်မှု၊ငှားရမ်းမှုများရှိပြီး သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများနှင့် အငြင်းပွားမှုများမရှိစေရေး ဝန်ဆောင်မှုအသင်းအား တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်းနှင့် ဝန်ဆောင်မှုပေးသူများမှာ လည်း ဥပဒေအရပြဌာန်း ထားသည်များကို နည်းလည်သဘောပေါက်ထားရန် လိုအပ်သည့်အတွက် ယခုအခမ်းအနားအား ပြုလုပ်ခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးတင့်ဆွေက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “ပထမအမျိုးသားအာမခံလုပ်ငန်း” ကုမ္ပဏီမှ မြစ်ကြီးနားတာဝန်ခံအရာရှိ ဒေါ်နေခြည်သိန်းက ပြည်တွင်းကုန်စည် ပို့ဆောင်မှုအာမခံ၊မီးအာမခံ၊ကိုယ်အင်္ဂါထိခိုက်မှုအာမခံနှင့် အလုံးစုံ မော်တော်ယာဉ်အာမခံဆိုင်ရာများအား အသိပညာပေးပြောကြားပြီး ကချင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင် မှုအသင်းသို့ အလှူငွေကျပ် (၅) သိန်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး တက်ရောက်လာသူများက ညစာအတူတကွစားသုံးခဲ့ကာ အမခ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းနှင့် အဖွဲ့ဝင်များ၊ကချင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းဝင်များ အင်အား (၁၅၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရရှိသည်။

ခရိုင်(ပြန်/ဆက်)