သတင်းများ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန် အပြေးပြိုင်ပွဲ ကျင်းပခြင်း
Jan 03,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၁)ရပ်ကွက်၊ မန္တလာသီရိ အားကစားကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် အပြေးပြိုင်ပွဲအား ယနေ့နံနက် ၀၇:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲကျင်းပ
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ် Youth Club အသင်းနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များသိရှိစေရန်နှင့် နှုတ်မှုအပြောစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း ကောက်နုတ်ချက်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။
မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရန် ပြင်ဆင်ထားရှိမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရန် ပြင်ထားရှိမှု အခြေအနေများကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗဟန်း၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌  (၇၅)နှစ်​မြောက်စိန်ရတုလွတ်လပ်​ရေး​နေ့အကြို ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jan 03,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ဗဟန်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့၊ နံနက် ၉ နာရီက ​(၇၅)နှစ်​မြောက်စိန်ရတုလွတ်လပ်​ရေး​နေ့အကြို ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲကျင်းပသည်။
ချောင်းဦးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွှတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းတွင် ဇန်နဝါရီလ ၂ ရက်နေ့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် အသက်၂လမှ ၁၈လအတွင်း ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုး
Jan 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၂)လမှ (၁၈)အတွင်း ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ထိုးနှံပေးလျက် ရှိပါသည်။
တာလေမြို့၊ ခါရှဲကျေးရွာ၌ ကျောင်းဆောင်သစ်၊ သောက်သုံးရေနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းပေး
Jan 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ ခါရှဲကျေးရွာ၌ ကျောင်းဆောင်သစ်၊ ကျေးရွာသောက်သုံးရေနှင့် ဒေသခံပြည်သူများအား အဝတ်အထည်၊ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းပေးခြင်းကို ဇန်နဝါရီ ၂ ရက်က အဆိုပါကျေးရွာရှိ ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြုကျောင်းဆောင်သစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ရိုးရာခြင်းအလှခတ် ပြိုင်ပွဲကျင်းပ
Jan 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယမန်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်မိုးလုံ လေလုံအားကစားကွင်း၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာခြင်း အလှ‌ခတ် ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။