ဘုတ်ပြင်းမြို့အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်ဘုတ်ပြင်မြို့နယ် ထောက်စုံမဟက်ကျေးရွာ အုပ်စု အမက-ချောင်းလမိုင်း၊ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု အမက-ထောင်မွန်ကျောင်း၊ အလက(ခွဲ)သဲစုပ်စက်မိုင်းကျောင်းနှင့် အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလွန်-အုန်းတောကမ်းကျောင်း၊ အမက-နီပါးကျောင်း၊ အမက-လိပ်ဥချောင်းကျောင်း၊ အမက-ချောင်းကထုံးကျောင်းနှင့်ကမာချောင်းကျေးရွာအုပ်စုရှိ မူလွန်-ကျွေးချောင်းကျောင်း၊ အမက-ကမာချောင်းကျောင်းနှင့် နို့ငွါး ကျေးရွာအုပ်စု အထက(ခွဲ)ချောင်းကဖီးကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။