သတင်းများ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယ၌ တွံတေးမြို့ပေါ်ရှိ သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Jan 04,2023
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တွံတေးမြို့နယ် သံဃာနာယကဆရာတော်များ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော နှစ်သစ်ဦး နှစ်ဦးဒါနအနေဖြင့် မြို့တွင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် တွံတေးမြို့နယ်၌ ဖွင့်လှစ်
Jan 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ခတ္ထိယကျေးရွာအုပ်စု၊ ဦးချိတ်စုကျေးရွာတွင် ၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သောကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကော့သောင်းခရိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသားအမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲ ကျင်းပ
Jan 04,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းမြို့တွင် ကျောင်းပေါင်းစုံ အမျိုးသားအမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 04,2023
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင်ကျင်းပ၍ သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်တွင် မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရွှေတိဂုံစေတီတော် (၅၇၈) ကြိမ်မြောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအခမ်းအနားကျင်းပ
Jan 04,2023
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၇၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပသည်။
(၇၅)နှစ်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်း အနားကျင်းပ
Jan 04,2023
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အ ထိမ်းအမှတ်ဘော်လီဘော (ကျား/မ) ပြိုင်ပွဲ၊  ကြက်တောင်ရိုက် (ကျား/မ)ပြိုင်ပွဲ၊စားပွဲတင်တင်းနစ်စိတ် ကြိက်နှစ်ယောက် တွဲပြိုင်ပွဲ နှင့် တစ်ဦးချင်းပြိုင်ပွဲဗိုလ် လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်၊ ညနေပိုင်းက မြို့နယ် အားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဖလမ်းခရိုင်စီမံ အုပ်ချပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ဇလွန်မြို့နယ်တွင် စာပေဗိမာန် ကဗျာပေါင်းချုပ် စာမူဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Jan 04,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် စာပေဗိမာန်ကဗျာပေါင်းချုပ် စာမူဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား ၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 04,2023
ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးမိသားစုတို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်း လွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပပြု လုပ်ခဲ့သည်။