မင်းလှ၌ (၇၅)နှစ်မြာက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားပြုလုပ်

မင်းလှ ဇန်​န၀ါရီ ၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ အမှတ်(၂) ရပ်ကွက်၊ အ.ထ.က (မြို့တွင်း) ကျောင်းအားကစားကွင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ နံနက်၄ နာရီ ၂၀ မိနစ်ချိန်တွင်  မြို့နယ်ရဲတပ်ဖွဲ့က ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်သားများ၊ လူမူရေးအသင်း အဖွဲ့များက နိုင်ငံတော်အလံတင် အလေးပြုခြင်းကို ပြုလုပ်ခဲ့သည်။

ဆက်လက်၍ နံနက်​ ၇ နာရီချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ပေးပို့သော (၇၅)နှစ်​မြောက်​ စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်​လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ဖတ်ကြားတင်ပြသည်။

ထို့နောက် (၇၅)နှစ်​နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အခမ်းအနား တတ်ရောက်ကြသူများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက (၇၅)နှစ်​မြောက်​ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ