သတင်းများ

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
Jan 04,2023
ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့  နံနက်ပိုင်းက   ပဲခူးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကော့ကရိတ်မြို့တွင် ကျင်းပ
Jan 04,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/ကျောင်းသားများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လှိုင်ဝကျေးရွာ အားကစားကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစား ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရား အလှူတော် တတိယည ဓမ္မသဘင်ပွဲ ကျင်းပ
Jan 04,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရား အလှူတော် တတိယည ဓမ္မသဘင်ပွဲကို ယမန်နေ့ညပိုင်းက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဆက်လက် ကျင်းပခဲ့သည်။
မံစီမြို့နယ်၊ နန့်မဖွဲကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jan 04,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် နန့်မဖွဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီလ ယမန်နေ့  မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံးမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
နောင်မွန်းမြို့၌ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစားနှင့် စာစီစာကုံးပြိုင်ပွဲဆု‌ပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အထက-နောင်မွန်းကျောင်း၌ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပြခန်း ခင်းကျင်းပြသခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပြခန်းများခင်းကျင်းပြသခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ လွတ်လပ်ရေးကျောက် တိုင်ဝင်းအတွင်း မြို့တော်ခန်းမတွင် ကျင်းပသည်။
ကျောက်တော်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2023
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက် ၇ နာရီက ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့မဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 04,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်ကာ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။