ကွမ်းလုံ ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ မိနစ်(၂၀)က ကွမ်း လုံမြို့ လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်း ဆောင်ရွက်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုတ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား လွင့်တင်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အရာရှိများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် နံနက်(၇)နာရီအချိန်တွင် ကွမ်းလုံမြို့ သံလွင်ဦးခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်မောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅) နှစ်မြောက် စိန်ရတုလွှတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြား ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)