နေပြည်တော် ဇန်နဝါရီ ၄
၂၀၁၃ ခုနှစ်၊ ဇန်နဝါရလ ၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က သက်ဆိုင်ရာမြို့နယ်များအလိုက် လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနားများကို ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းမြို့၊ ဗန်းမော်မြို့၊ မိုးကောင်းမြို့၊ မချမ်းဘော့မြို့၊ ကယားပြည်နယ်အတွင်းရှိ မယ်စဲ့မြို့၊ ကရင်ပြည်နယ်အတွင်းရှိ သံတောင်ကြီးမြို့၊ ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့၊ တီးတိန်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့၊ ကျွန်းလှမြို့၊ ဖောင်းပြင်မြို့၊ တမူးမြို့၊ မော်လိုက်မြို့၊ မြင်းမူမြို့၊ မြိုင်မြို့၊ ကန့်ဘလူမြို့၊ ရေဦးမြို့၊ မြောင်မြို့၊ ကလေးမြို့၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့၊ လောင်းလုံးမြို့၊ ဘုတ်ပြင်းမြို့၊ သရက်ချောင်းမြို့၊ ကော့သောင်းမြို့၊ ပုလောမြို့၊ တနင်္သာရီမြို့၊ ကျွန်းစုမြို့၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒိုက်ဦးမြို့၊ ကျောက်ကြီးမြို့၊ ဖြူးမြို့၊ ထန်းတပင်မြို့၊ ကဝမြို့၊ ရွှေကျင်မြို့၊ သနပ်ပင်မြို့၊ ကျောက်တံခါးမြို့၊ ရွှေတောင်မြို့၊ သဲကုန်းမြို့၊ နတ်တလင်းမြို့၊ ပေါက်ခေါင်းမြို့၊ ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ သာယာဝတီမြို့၊ ဝေါမြို့၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ နတ်မောက်မြို့၊ ပွင့်ဖြူမြို့၊ တောင်တွင်းကြီးမြို့၊ အောင်လံမြို့၊ မင်းတုန်းမြို့၊ ချောက်မြို့၊ ကံမမြို့၊ မင်းလှမြို့၊ ဆိပ်ဖြူမြို့၊ ပေါက်မြို့၊ သရက်မြို့၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့၊ တံတားဦးမြို့၊ ပြင်ဦးလွင်မြို့၊ မြစ်သားမြို့၊ ငါ့သရောက်မြို့၊ ကျောက်ပန်းတောင်းမြို့၊ ရမည်းသင်းမြို့၊ ငါန်းဇွန်မြို့၊ မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောမြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့၊ ဘူးသီးတောင်မြို့၊ ဂွမြို့၊ ကျောက်ဖြူမြို့၊ မအီမြို့၊ မာန်အောင်မြို့၊ မောင်တောမြို့၊ မြောက်ဦးမြို့၊ ကျိန္တလီမြို့၊ ပေါက်တောမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ သံတွဲမြို့၊ ရသေ့တောင်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုံမြို့၊ တောင်ဥက္ကလာပမြို့၊ ပုဇွန်တောင်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတမြို့၊ ဆိပ်ကြီးခနောင်တိုမြို့၊ လှည်းကူးမြို့၊ ဒေါပုံမြို့၊ လှိုင်မြို့၊ ကျောက်တံတားမြို့၊ တွံတေးမြို့၊ အင်းစိန်မြို့၊ ကော့မှူးမြို့၊ ခရမ်းမြို့၊ ဒလမြို့၊ ကမာရွတ်မြို့၊ သင်္ဃန်းကျွမ်းမြို့၊ မရမ်းကုန်းမြို့၊ ဗဟန်းမြို့၊ ရန်ကင်းမြို့၊ စမ်းချောင်းမြို့၊ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်မြို့၊ ကျိုင်းတောင်းမြို့၊ ပင်လောင်းမြို့၊ ကွန်ဟိန်းမြို့၊ နောင်ချိုမြို့၊ ကလောမြို့၊ လွိုင်လင်မြို့၊ မောက်မယ်မြို့၊ လင်းခေးမြို့၊ မိုင်းခတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းယောင်းမြို့၊ မိုင်းယန်း၊ မိုင်းကိုင်မြို့၊ မိုင်းပျဉ်းမြို့၊ မိုးနဲမြို့၊ နမ္မတူမြို့၊ မက်မန်းမြို့၊ သိန္နီမြို့၊ လဲချားမြို့၊ မိုးမိတ်မြို့၊ နမ့်စန်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းတုံမြို့၊ ဆီဆိုင်မြို့၊ တာချီလိတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အိမ်မဲမြို့၊ သာပေါင်းမြို့၊ အင်္ဂပူမြို့၊ ကြံခင်းမြို့၊ ကျောင်းကုန်းမြို့၊ မြန်အောင်မြို့၊ ဓနုဖြူမြို့၊ ဝါးခယ်မမြို့၊ ဖျာပုံမြို့၊ ပန်းတနော်မြို့၊ မော်လမြိုင်ကျွန်းမြို့၊ ကန်ကြီးထောင့်မြို့၊ ဒေးဒရဲမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့၊ ဘိုကလေးမြို့၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဇေယျာသီရိမြို့တို့တွင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
အခမ်းအနားများတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခေတ္တဥက္ကဋ္ဌများက ဖတ်ကြားကြပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း၊ အခမ်းအနားတက်ရော်ကလာသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လွတ်လပ်ရေးနေ့သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အခမ်းအနားများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွကအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။