ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ လွှင့်ထူခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ဇီးကုန်း ဇန်နဝါရီ ၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ လွှင့်ထူခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက်ရောက်ခဲ့ကြသည်။

နံနက် ၄ နာရီ ၂၀မိနစ်တွင် ဂုဏ်ပြုရဲတပ်ဖွဲ့မှ ဦးဆောင်၍  နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး အလေးပြုခဲ့ကြသည်။ ထို့နောက် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သို့ ပေးပို့သောသဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနား တက်ရောက်လာသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို(အခမဲ့) ဖြန့်ဝေပေးခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)