(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကော့ကရိတ်မြို့တွင် ကျင်းပ

ကော့ကရိတ်  ဇန်နဝါရီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသူကျောင်းသားများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍လှိုင်ဝကျေးရွာ အားကစားကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်း တွင်ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရာတွင် လွန်းဆွဲ၊ ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ စကောရွက်၊ မီတာ ၁၀၀၊ ၂၀၀၊ အားလူးကောက်၊ အလျားခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ ဂုန်နီအိတ်စွတ်၊ ဘောလုံးကန်ကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး လှိုင်ဂအခြေခံပညာ အလယ်တန်း ကျောင်းနှင့် လိုင်ကွယ်ကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်းတို့မှ ကျောင်းသူကျောင်းသားများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များကဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)