သတင်းများ

ပေါင်းတည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 04,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီကမြို့နယ်မီးသတ်တပ်ဖွဲ့ ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်၊ ထုတ်ဆီးထိုး၊ ရိုးရာခြင်းလုံးနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 04,2023
၂၀၂၃ ခုနှစ်၊ ကော့သောင်းခရိုင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်၊ ထုတ်ဆီးထိုး၊ ရိုးရာခြင်းလုံးနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက ကော့သောင်းခရိုင် အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Jan 04,2023
၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနား ရမ်းဗြဲမြို့၌ ကျင်းပ
Jan 04,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားကို ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပကြသည်။
ကသာမြို့၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားပြုလုပ်
Jan 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ခရိုင်စုပေါင်းရုံးကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဖတ်ကြားခဲ့သည်။
ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
Jan 04,2023
ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့  နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ
Jan 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ က ပြည်သူ့ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်အနီး၌ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေပြုခဲ့ကြကြောင်း သိရသည်။ 
မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ မီးလောင်မှုဖြစ်
Jan 04,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ ယမန်နေ့ ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။