သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အား ကစားပြိုင်ပွဲများကျင်းပ
Jan 04,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်အားကစားနှင့် ကာယပညာရေး ကော်မတီမှကြီးမှူး၍ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်္ဃန်းကျွန်းမြို့နယ်တွင် အားကစားပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပျော်ပွဲရွင်ပွဲများကျင်းပ
Jan 04,2023
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်္ဃန်းကျွန်း ဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း အားကစားပြိုင်ပွဲများ၊ စျေးရောင်ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲ များကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။     
မိုးညိုမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လျှပ်တပြက်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်
Jan 04,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လျှပ်တပြက်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့မအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးအဝပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ကျင်းပ
Jan 04,2023
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးအဝပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန် က တနိုင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်မင်္ဂလာ အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ
Jan 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်မင်္ဂလာအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၇)နာရီအချိန်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ငွေဆောင်မြို့ပေါ်ရှိ ဟိုတယ်များ မီးဘေးလုံခြုံစေရေး ဌာနဆိုင်ရာအဖွဲ့မှ လိုက်လံစစ်ဆေး
Jan 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဌာနဆိုင်ရာအဖွဲ့မှ မြို့ပေါ်ရှိဟိုတယ်များ မီးဘေးအန္တရာယ် စိတ်ချရစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။