(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် တွံတေးမြို့နယ်၌ ဖွင့်လှစ်

တွံတေး   ဇန်နဝါရီ   ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ခတ္ထိယကျေးရွာအုပ်စု၊ ဦးချိတ်စုကျေးရွာတွင် ၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သောကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် တွံတေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်းဦးစီးမှူး ဒုတိယညွန့်ကြားရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လမ်းဖွင့်ပွဲတွင် တွံတေးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးနေဝင်း၊ ခတ္ထိယကျေးရွာအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုး၊ ခတ္ထိယ အ.ထ.က ကျောင်းအုပ်ကြီးဦးစိုးသိမ်း၊ ရွာတန်းရှည် အ.မ.က(မူလွန်) ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျေးရွာလမ်းကော်မတီတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၀.၀၀)သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် (၀၃.၀၀ ) သန်း၊ စုစုပေါင်းငွေကျပ် (၁၃.၀၀) သန်းဖြင့် အလျား ၅၇၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မခင်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တွံတေးသား