တွံတေး ဇန်နဝါရီ ၄
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တွံတေးမြို့နယ် သံဃာနာယကဆရာတော်များ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော နှစ်သစ်ဦး နှစ်ဦးဒါနအနေဖြင့် မြို့တွင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တွံတေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၇၅)ကျောင်းနှင့် သီလရှင်ကျောင်း(၂၅)ကျောင်းမှ သံဃာတော်အရှင်သူမြတ် အပါး(၁၀၀၀)ကျော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၂၅၀)ကျော်တို့အား မြို့ပေါ်(၈)ရပ်ကွက်မှအလှူရှင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
တွံတေးသား