ကော့သောင်း ဇန်နဝါရီ ၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းမြို့တွင် ကျောင်းပေါင်းစုံ အမျိုးသားအမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲဝင်များသည် ကော့သောင်းမြို့၊ လေးမိုင်မှ နံနက်(၆) နာရီတွင် တာလွှတ်ပေးပြီး မြို့တွင်းကျောက်တိုင်ကွင်းရှိရာ မဉ္ဇူသကခန်းမရှေ့ တွင် နံနက်( ၈ ) နာရီခန့်၌ ပြိုင်ပွဲဝင်များ စတင် ပန်းဝင်ကြ သည်။
ပြိုင်ပွဲတွင် ဆယ်မိုင်ကျေးရွာအုပ်စု၊ ကံပုံလားမားမူလတန်းလွန်ကျောင်းမှ ကျောနံပတ်(၅၅)က ပထမဆုဆွတ်ခူးရရှိပြီး ဒုတိယဆုကို ခုနှစ်မိုင်အ.လ.က(ခွဲ)ကျောင်းမှ ကျောနံပတ်(၁၆၇)ကလည်းကောင်း၊ တတိယဆုကို ကံပုံလားမား မူလတန်းလွန်ကျောင်းမှ ကျောနံပတ်(၅၈)တို့က အသီးသီးဆွတ်ခူးရရှိပြီး ပန်းတိုင်သို့အများဆုံး အရေအတွက်အဖြစ် ပန်းဝင်နိုင်ခဲ့သည့် ကံပုံလားမားမူလတန်းလွန်ကျောင်းမှတံခွန်စိုက်ဆု အသီးသီးရရှိသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)