ဖလမ်း ဇန်နဝါရီ ၄
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အ ထိမ်းအမှတ်ဘော်လီဘော (ကျား/မ) ပြိုင်ပွဲ၊ ကြက်တောင်ရိုက် (ကျား/မ)ပြိုင်ပွဲ၊စားပွဲတင်တင်းနစ်စိတ် ကြိက်နှစ်ယောက် တွဲပြိုင်ပွဲ နှင့် တစ်ဦးချင်းပြိုင်ပွဲဗိုလ် လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်၊ ညနေပိုင်းက မြို့နယ် အားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဖလမ်းခရိုင်စီမံ အုပ်ချပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ စားပွဲတင်တင်းနစ်စိတ်ကြိုက်နှစ် ယောက်တွဲပြိုင်ပွဲ နှင့်တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးဘော် လီဘောဗိုလ်လုပွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြသည်။ ထို့နောက် အအမျိုးသား
ဘော်လီဘောပြိုင်ပွဲတွင် ကလောမွန်အသင်းနှင့် ကျင်မွာလ်အသင်း တို့ယှဉ်ပြိုင်ကြရာ ကျင်မွာလ်အသင်းကအနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ညနေ ၃နာရီအချိန်တွင်ဆုပေးပွဲအခမ်း အနားကိုကျင်းပရာ အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျင်မွာလ်အသင်းအား ဆုကလာပ်၊ လည်ဆွဲ ပြားနှင့် ငွေသားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက လည်းကောင်း၊ ဒုတိယဆုရရှိသော ကလောမွန်အသင်းအား လည်ဆွဲပြားနှင့် ငွေသားဆုများကို အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး ဝင်းဇော်လတ်ကလည်းကောင်း ဆုများချီးမြှင့်ကြသည်။
ထို့နောက်ကြက်တောင်ရိုက်ပွဲတွင်ပထမ၊ဒုတိယဆုရရှိ သောအတွဲများ၊စားပွဲတင်တင်းနစ်စိတ် ကြိုက်နှစ် ယောက်တွဲပြိုင်ပွဲ နှင့်တစ်ဦးချင်းပြိုင်ပွဲတွင်ပထမ၊ ဒုတိယဆုရရှိသူများ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင်ပထမ၊ ဒုတိယဆု ရရှိသောအသင်းများ၊ ပြိုင်ပွဲတစ် လျောက်ထူးချွန် အားကစားသမားများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီးပေး အပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်