လွိုင်ကော်မြို့၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား ၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်      ဇန်နဝါရီ        ၄

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးမိသားစုတို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်း လွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် အားကစားဝါသနာရှင်ပြည်သူများက ဗိုလ်လုပွဲစဉ်အနေဖြင့် အမျိုးသမီးပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အသင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအသင်းတို့အား လည်းကောင်း ၊ အမျိုးသားပြိုင်ပွဲ တွင် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းအသင်းနှင့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အသင်းက အနိုင်ရရှိပြီး အမျိုးသားပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်း အသင်းက အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အစီအစဉ်အား ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မိုးဝင်းထက်က အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အားလည်းကောင်း ၊ မြို့နယ် ပညာရေးမှူး ဦးအောင်ဇော်ဦးက အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအားလည်းကောင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း အားလည်းကောင်း ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ၊ ဒုရဲမှူးကြီးထင်အောင်လင်းက အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းအားလည်းကောင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်ဦးက အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အားလည်း ကောင်း ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်း အားလည်းကောင်း ငွေသားဆုများနှင့် တံခွန်တိုင်စိုက်ဒိုင်း ဆုကြီးများ အသီးသီး ချီးမြှင့်ပေးအပ် ခဲ့ကြသည်။

အဆိုပါ ဖူဆယ်ပြိုင်ပွဲတွင် ကျောင်းပေါင်းစုံ အမျိုးသားအသင်း (၁၃) သင်းနှင့် ကျောင်းပေါင်းစုံ အမျိုးသမီးအသင်း (၁၁) သင်းတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ကိုဇင်(လွိုင်ကော်)