ထန်းတပင်(ရန်ကုန်) ဇန်နဝါရီလ ၅
မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံး၊ ဖူဆယ်၊ ဘောလီဘောနှင့်ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ထန်းတပင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့၊ ညနေပိုင်းက ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအားကစားပြိုင်ပွဲများကို (၂၀၂၂)ခု နှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှစတင်၍ (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အလွတ်တန်းဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၂၀)သင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၇)သင်း၊ ဘောလီဘောပြိုင်ပွဲသို့လည်း ပြိုင်ပွဲဝင်(၅)သင်းနှင့် ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၉) သင်းစုစုပေါင်းအလွတ်တန်းအားကစားပြိုင်ပွဲများသို့ ပြိုင်ပွဲဝင်အသင်းပေါင်း (၄၁)သင်းတို့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ ဆက်)