ဟိုပန် ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဖတ်ကြားခဲ့သည်။ ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသားအလွတ်တန်းဘောလီဘောပြိုင်ပွဲ၊ ဝန်ထမ်းပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ သုံးချောင်းထောက်၊ သံပုံးရိုက်ပြိုင်ပွဲများတွင် ဆုရရှိသူများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)