ငါန်းဇွန် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့မအားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများ၊ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂နာရီခွဲအချိန်က ဆုများချီး မြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဉက္က ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ထုပ်စည်းထိုး (မ)၊ စားပွဲတင် တင်းနစ်၊ ဖူဆယ်ဘောလုံး၊ စက်ဘီးအနှေးစီး၊ စကောရွက်၊ အာလူးကောက်၊ ဂုံနီအိတ်စွပ်နှင့် ကလေးများအပြေးပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစား အသင်းများနှင့် အားကစားဝါသနာရှင်များအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)